Ads 468x60px

Mounting created Bloggif သင်္ကြန်သီချင်းလေးအော်တိုထည့် ထားပါသည်နားမထောင်လိုပါကmp3playerပုံလေးမှ stopနိပ်နိုင်ပြီးအသံချဲ့ လိုပါကဘေးမှစပီကာပုံကလေးအားမောက်ဖြင့် လိုသလိုကလစ်လိုက်ပါ။ 04-Thingyan Moe Yay Tan Khuu Lay-Ringo

Powered by mp3soup.com

My Blog List

star

Blogger Widgets

နှင်း

Saturday, September 8, 2012

"ကနောင်မင်းသားလိုစိတ်ဓါတ်"

အကယ်၍ ကနောင်မင်းသားကြီးသာ လုပ်ကြံ မခံရပါက မြန်မာ့သမိုင်းသည် တစ်ဆစ်ချိုးပြောင်းလဲ သွားနိုင် စရာကြောင်း ရှိသည်။ ကုန်းဘောင်မင်းဆက်ကို ထူထောင်ကာ မန္တလေးရတနာပုံ နေပြည်တော် ၌ မင်းလုပ်စိုးစံခဲ့သူ မင်းတုန်းမင်း၏ ဖအေတူ မအေကွဲ မင်းသားကြီး ကနောင် မင်းသားဖြစ်၏။ မင်းတုန်းမင်းနှင့်ကနောင်မင်းသားကြီးသည် နိုင်ငံ့ ကဏ္ဍများကို လက်တွဲ တာဝန်ယူအုပ်ချုပ်ခဲ့၏။ ကနောင်မင်းသားက စစ်ရေး စစ်ရာနှင့် အုပ်ချုပ်ပြူပြင်ပြောင်းလဲရေးကို တာဝန်ယူ၍ ဘုရင့်တာဝန်ကို ပူးတွဲ ထမ်းဆောင်ခြင်းဟု ဆိုနိုင်သည်။ ကနောင်မင်းသား၏ အရည်အသွေး များအရ မင်းတုန်းမင်း၏ အရိုက် အရာကို ဆက်ခံမည့်သူဟု သတ်မှတ်ထား ကြသဖြင့် မင်းတုန်းမင်း၏သားတော်များက မလိုမုန်းထားရှိကြ၏။ ကနောင် မင်းသား၏ နန်းဆောင်သည် ခမ်းနားထည်ဝါလှသဖြင့် ဘုရင့်၏ နန်းဆောင် နှင့်ပင်နှိုင်းယှဉ်လောက်၏။ ကနောင်မင်းသားသည် ခေတ်မှီသိပ္ပံပညာ ကို အလွန် စိတ်အားထက်သန်သဖြင့် အနောက်နိုင်ငံများမှ သိပ္ပံပညာများကို မြန်မာပြည်တွင် လေ့လာဆည်းပူးစေ၏။ ပြုပြင်ပြောင်းလဲမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအနေဖြင့် မင်းတုန်းမင်းနှင့် ကနောင် မင်းသားတို့ သည် နန်းတွင်းလူငယ်အချို့ ကို ပညာသင်စေလွှတ်ခဲ့၏။ ထို့ ကြောင့် အိန္ဒိယ၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီတို့ အထိ ပညာတော်သင်များ သွားရောက်ကြ၏။ ကနောင်မင်းသားသည် လက်နက်စက်ရုံများ ထူထောင်ကာ ရိုင်ဖယ် သေနတ်နှင့် ခဲယမ်းမီးကျောက်များကို ထုတ်လုပ်ခဲ့၏။ ရေမြှုပ်ဗုံးကို အောင် မြင်စွာ စမ်းသပ်ခဲ့၏။ ရေကန်ထဲတွင် ရေမြှုပ်ဗုံး စမ်းသပ်စဉ် ငါးများသေကြေ ပျက်စီးသည်ကိုမြင်သဖြင့် မင်းတုန်းမင်းက ဘာသာရေးအရ ရေမြှုပ်ဗုံးထုတ် လုပ်ခွင့်ကို တားမြစ်ခဲ့၏။ကနောင်မင်းသားသည် စည်းစနစ်ကျနသော အမြဲတမ်းစစ်တပ်တစ်ခုကို ဖွဲ့ စည်းတည်ထောင်ရာလည်း စီစဉ်ခဲ့၏။ မင်းတုန်းမင်းက ကနောင်မင်းသားကို ထီးမွေနန်းမွေ ပေးမည်ဟု လျာထားခြင်းကို မင်းတုန်းမင်း၏ သားတော် မြင်ကွန်းနှင့် မြင်းခုံတိုင် မင်းသားတို့ က မကျေနပ်ကြသဖြင့် ကနောင် မင်းသားကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။ ကနောင် မင်းသားကြီး အလုပ်ကြံခံရခြင်း သည် ခေတ်မှီနိုင်ငံတောင်ထူထောင်ရန် အရှိန်ယူနေ သာ မြန်မာနိုင်ငံတော်အတွက် အလွန်နစ်နာလှသည်။ ဗြိတိသျှတို့ ကနောင်မင်းသားက(War Prince)ဟု ခေါ်ဝေါ်ကြသည့်အထိ ကနောင်မင်းသား၏ ခေတ်မှီလက်နက်များတပ်ဆင်ထားသော စည်စနစ်ကျနသည့် တပ်မတော်စီမံကိန်းသာ အကောင်အထည်ဖော်နိုင်ခဲ့ လျှင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းနိုင်ရန် ယခုလောက် လွယ်ကူလိမ့်မည်မဟုတ်ဟုဆိုခဲ့၏။

ကနောင်သားလေးဇင်အောင်

Saturday, September 1, 2012

ဒီလိုလူသားမကြီးပွား




  • ဆာလွန်းတယ်ဟ စားဦးမှ၊
  • စားပြီးဗိုက်လေး မလုပ်သေး၊
  • နေပူတယ်ဟ နားဦးမှ၊
  • မိုးအေးတယ်ဟ ကွေးဦးမှ၊
  • မိုးချုပ်ပြီဟ ပြန်ဦးမှ၊
  • ဒီလိုလူသားမကြီးပွား။
  • ကနောင်သားလေးဇင်အောင်

Thursday, July 19, 2012

အားလုံးအတွက်ရုပ်ရှင်..

ကျွန်တော်က MOVIE ကြည့်ရတာအရမ်းကြိုက်တယ် အရင်ကဆိုရင်အခွေငှားတဲ့ဆိုင်မှာအခွေတွေ..
သွားငှားရတယ် ဈေးကလဲကြီးတယ်လေ အခွေသုံးခွေဆိုရင် ဘတ်ငွေ ၅၀ပေးငှားရတယ် ငွေအရမ်း
ကုန်တယ် ..အခုဒီဘ၀ကကင်းလွတ်သွားပြီဘာဖြစ်လို့လဲဆိုတော့ တနေ့ကျွန်တော်သူငယ်ချင်းပြောပြ
တယ် အင်တာနက်မှာရုပ်ရှင်ကြည့်တဲ့ဘလော့လေးကိုပေါ့ဘလော့နာမည်လေးကတော့............
asulik-movie.blogspot.com ပါပဲခဗျာကမ္ဘာကျော်ရုပ်ရှင်ကားကြီးတွေအများကြီးရှိတယ် အိမ်မှာ..
အင်တာနက်သုံးသူတွေအတွက်တော့ ကောင်းတာပေါ့သူငယ်ချင်းတို့ပျင်းနေရင် အဲ့ဒီဘလော့လေးကို
သွားပြီးအပျင်းပြေရအောင်  ကျွန်တော်ကနောင်သားလေးဇင်အောင်ကလမ်းပြလိုက်ပါတယ်ခဗျာ...
စေတနာသည်လူတိုင်းနဲတန်ပါတယ် မသိသူးကျော်သွားသိသူဖော်စား ဆိုသလိုပေါ့ သူငယ်ချင်းတို့...
သိအောင် စေတနာရှေ့ထားပြီးဖော်ပြလိုက်ပါတယ် အားလုံးပျော်ရွှင်နိုင်ပါစေခဗျာ။

 ကနောင်သားလေးဇင်အောင်     

Friday, June 22, 2012

မိဘ ကို...

မိဘနှစ်ဖြာ
ရှိနေပါလည်း
ကျေးဇူးမသိ
မဆပ်ဘိက
တစ်သက်လုံးလုံး
လူဖြစ်ရှုံး၏ ။

ကျွန်တော်ဇင်အောင်အသစ်မွန်းမံရေးသားထားပါသည်  
ဒီကဗျာလေးကိုဖတ်မိသူးအားလုံးသည်အချိန်ရှိသေးရင်ပြင်ကြပါလို့တိုက်တွန်းရေးသားလိုက်ပါသည်။

ကနောင်သားလေးဇင်အောင်     

Saturday, June 16, 2012

အမှတ်တရ..ရန်ကုန်ကျောင်းသားဘဝ

၂၀၀၃.၂၀၀၄ ခုနှစ်ပညာသင်နှစ်......
ရန်ကုန်အ.ထ.က.(၁)လှိုင်သာယာကျောင်းကြီးမှာန၀မတန်းကျောင်းသားဘ၀မှပုံရိပ်လေးပါ
ကျွန်တော်ကျောင်းသားဘ၀တွင်ပင်သူငယ်ချင်းများနှင့်ချစ်ချစ်ခင်ခင်နေလာခဲ့ပါတယ်.. သူငယ်ချင်းများကလည်းကျွန်တော်ကိုချစ်ခင်ကြပါတယ်အချိန်ကြာလာပြီးနောက် ဒီဇင်ဘာကျောင်းပိတ်ရက်
တွင်သူငယ်ချင်းများစုပြီး ကျိုက်ထီးရိုးဘုရားဖူးခရီးထွက်ခဲ့ကြတယ်လမ်းခရီးတွင်ပျော်ရွှင်စရာအမှတ်တရ...
များနှင့်အတူအမှတ်တရဓါတ်ပုံများလည်းရိုက်ခဲ့ပါသေးတယ် အဲ့ဒီအချိန်လေးကိုအမြဲသတိရလွမ်းနှေဆဲပါ....
ကနောင်သားလေး ဇင်အောင်

Myanmar golden age

ရွှေမြန်မာနိုင်ငံတော်ကြီှးဆီသို့ သားကြီးဇင်အောင်ပြန်လာတော့မှာပါ မွေးမိခင်မွေးဖခင် မိသားစုနှင့်
အတူအောင်မြင်ထွန်းကားသောရွှေခောတ်ဆီသို့အတူးရောက်လှမ်းနိုင်အောင်ကြိုးစားနေပါတယ်လို့
ကတိပေးပါတယ်အဖေနဲ့အမေ ......

Friday, May 18, 2012

ကျောင်းကြီရေ...



ကျောင်းကြီးရေလို့ဘာဖြစ်လို့ခေါ်ရတာလည်းဆိုတော့လွမ်းလို့ပါ..ကနောင်မြို့ရယ် မိဘနှစ်ပါးရယ် ညီမလေးရယ်သူငယ်ချင်းအားလုံး နှင့်.ဧရာဝတီမြစ်ကြီကို ထိုင်းနိုင်ငံရောက်ကနောင်သားလေး....
ဇင်အောင်ကလွမ်းနေပါတယ်..လွမ်းစရာတွေအများကြီရှိနေသေးတယ်နောက်မှပဲရေးတင်လိုက်
တော့မယ်.........

Thursday, May 17, 2012

ကနောင်မင်းသား

 

ကနောင်မင်းသားရဲ့ဒီပုံကကျွန်တော်တို့ ကနောင်အ.ထ.က ကျောင်းကြီးမှာပန်းချီကားရှိပါတယ်..

ကျွန်တော်ဆိုတာ...ဇင်အောင်ပါ..ကျောင်းကဆရာမတွေကမင်္ဂလာဇင်အောင်လို့ခေါ်ပါတယ်
ကောင်မလေးတွေကတော့ ကိုလေး လို့ခေါ်ပါတယ်.....

<<>>