Thursday, May 30, 2013
ANDROID 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ FONT အဆင်မပြေသူများအတွက် THEME WITH MYANMAR FONTS ( ROOT မလို )
Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေကြပါဘူး.. ကျွန်တော်တို့ မြန်မာတွေကလည်း Root ဖောက်ရခြင်းရဲ့ ရည်ရွယ်ချက်က မြန်မာ ဖောင့် သုံးဖို့ အဓိကဖြစ်နေတယ်မဟုတ်လား.. ဒီတော့ Root ဖောက်စရာမလိုဘဲ မြန်မာဖောင့်သုံးလို့ရတဲ့ Theme With Myanmar Fonts ကိုတင်ပေးလိုက်ပါတယ်.. ဒီ Themes ကို IT Ghost ဆီမှာ တွေ့ထားတာ တော်တော်ကြာပါပြီ.. တင်ဖို့ မလိုလောက်ဘူးထင်လို့ မတင်ဖြစ်တာပါ.. မိတ်ဆွေ တစ်ယောက်က အီးမေးပို့လာပါတယ်..
"huawei 8825-1 မှာမြန်မာစာမမှန်တဲ့ပြသနာလေးရှိနေတယ်ဗျ အဲဒါဘယ်လိုလုပ်ရင်ရမလဲ ကူညီပါဦးဗျာ RSS apk မှာသတင်းတွေဖတ်ရင်ဗျာ ဥပမာဗျာ နေကောင်းလားပေါ့ အဲဒါကို နကေားင်လား ဗျာ အဲလိုအလွဲလေးနည်းနည်းရှိနေတယ်ဗျ နည်းနည်းတော့ စိတ်ညစ် ရတာပေါ့ဗျာ အဲဒါအားလုံးအဆင်ပြေချင်တယ်ခင်ဗျ facebook သုံးတဲ့အခါလည်း ကိုရေးလိုက်
တဲ့ comment က ရိုက်တုန်းကအမှန်ပဲ အပေါ်ရောက်သွားရင်တလွဲတွေဖြစ်လို့ဗျာ comment ရေးရမှာတောင်ရှက်လာတယ် ကူညီပါဦးဗျာ မလုပ်တက်လို့ပါ အသေးစိတ်သိချင်ပါတယ် ကျေးဇူးတင်ပါတယ်" .. ဒီအခက်အခဲကို ဖြေရှင်းဖို့ ဒီ Post ကို တင်ပေးလိုက်ပါတယ်.. Root ဖောက်ပြီးသား ရ မရတော့ မစမ်းရသေးဘူးဗျ.. Root မဖောက်ရသေးတာကိုတော့ စမ်းဖူးတယ်.. အဆင်ပြေတယ်.. လွယ်လွယ်လေးပါ.. ပေးထားတဲ့လင့်က ဖိုင်ကိုဒေါင်းပြီးဖြည်လိုက်.. ရလာတဲ့ MyanmarFontTheme.hwt ဆိုတဲ့ဖိုင်လေးကို ဖုန်းရဲ့ sd card ထဲက HWThemes ဆိုတဲ့ Folder ထဲကို ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ဖုန်းရဲ့ Theme ထဲမှာ Elegance ဆိုတဲ့ Theme တစ်ခုရောက်လာပါတယ်.. အဲဒီ Theme ကို Apply လုပ်ပြီး Theme With Font ဆိုတာကိုရွေးပေးလိုက်ပါ... ဒါဆိုရင်မြန်မာ font ကိုသုံးလို့ရပါပြီဗျ... တစ်ချို့ဖုန်းတွေမှာတော့ အဆင်ပြေမှာမဟုတ်ပါဘူး..ဒါကတော့
ကံတရားပေါ့ဗျာ... :P :P
Saturday, May 25, 2013
Samsung ဖုန်းထဲမှာ Screen Snapshot ပုံရိုက်နည်း ( ဖလမ်း ဖလမ်း - ၃ )
ဒီဆော့ဝဲလေးကတော့ ဖုန်းထဲမှာ Snapshot ရိုက်ချင်တယ်ဆိုရင် အဆင်ပြေပါတယ်
တစ်ခုခုကို ရိုက်ပြချင်တဲ့အခါမှာ သုံးပါတယ် ။ နည်းပညာသမားတွေအနေနဲ့ လည်း
အကြောင်းရာတစ်ခုခုကို ရှင်းပြချင်တဲ့အခါ Setting ပိုင်းကို အတိအကျ ရိုက်ပြဖို့ 
လိုအပ်လာကြမှာပါ ။ လိုအပ်ရင်သုံးဖို့  ရိုက်ဖို့  ဒီနည်းလေးကို မျှဝေလိုက်ပါတယ်
နည်းပညာ သမားမဟုတ်လည်း ဒီနည်းက အသုံးဝင်မှာပါ ။ ဖုန်းတစ်ခုခုဖြစ်တဲ့အခါ
နားလည်တဲ့ သူဆီမေးမြန်းဖို့  ပုံလေးတွေရိုက်ချင်ရင် အဆင်ပြေတယ်။ နောက်ပြီး
ဖုန်းမှာ ချစ်သူပုံလေးထားပြီး ငါ့ဖုန်းမှာ နင့်ပုံလေးတင်ထားတယ်။ ကြည့်ကြည့်ဆိုပီး
ရိုက်ပြလို့ ရတယ် ဆော့ဝဲလေးမလို့  အတော်လေး အဆင်ပြေပါတယ် ကိုယ့်ဖုန်းထဲ
ပုံလေးတွေ ပြန်ရိုက်ချင်ရင် ဒီဆော့ဝဲလေးသုံးကြည့်လိုက်ပါ................................။
Power Key နဲ့ Home Key နဲ့ ရိုက်တာ ဖုန်းတိုင်းမှာ အဆင်မပြေနိုင်ပါဘူး
Download - Screenv Capture Full Version 2.5.4.apk
Saturday, May 11, 2013
ဘလော့ပို့စ်တွေကို Facebook ပေါ်ရှယ်နည်း
အားလုံး မင်္ဂလာပါဗျာ သည်နည်းပညာလေးကတော့ သိပ်မထူးဆန်းပေမယ့် တယောက်သောသူ လာရောက်မေးမြန်းတောင်းဆိုထားတဲ့အတွက် မသိသေးသူများလည်း သိနိုင်စေရန်အတွက်
တင်ပြလိုက်ရပါတယ်...
တောင်းဆိုသူကတော့.........
mgminntar: ဆိုဒ်ကနေရှယ်လိုက်တာကို ဖန်းဖ်ပေ့မှာကော် ရိုးရိုးနာမည်ဖေ့မှာကော်ပေါ်အောင်ဘယ်လိုလုပ်လည်း
အဆင်ပြေအောင် ပုံလေးတွေနဲ့ သေခြာ ရှင်းပြပါ့မယ်...နော်...ပထမဆုံး ကျွန်တော် တင်ထားတဲ့
Share ဘောင်လှလှလေးကို မိမိတို့ ဘလော့မှာ ထည့်ထားဖို့ လိုပါမယ်..အဲအတွက် ထည့်ရမဲ့ နေရာနဲ့ ထည့်နည်း ကုဒ်ရယူနည်းကို အောက်မှာ သွားကြည့်ပြီး လ်ုပလိုက်ပါနော်..
ဘလော့အတွက် share box လှလှလေး လုပ်ဖို့ သည်နေရာ ကိုသွားလုပ်လိုက်ပါ။
ဘလော့အတွက် share ဘောင်လေး ရယူနည်းကိုတော့ သည်မှာ လေ့လာလိုက်ပါ။
စမယ်နော်....
အဆင့် (၁) အနေနဲ့ အောက်ကပုံလေးကို ကြည့်လိုက်ပါ။
ရှယ်ဘောင်လေး မိမိတို့ ဘလော့ပေါ် ရရှိပြီဆိုတာနဲ့ share ဆိုတာလေးကို မောက်တင်လိုက်ပါ။
မောက်တင်လို့ အောက်ကပုံအတိုင်းရှယ်ဘောင်လေး တက်မလာပါက ကလစ်ပေးလိုက်ပါ..
များသောအားဖြင့်တော့ ပမထဆုံး ရှယ်ဖို့တော့ မောက်တင်တာနဲ့ ပေါ်လာပါတယ်.. နောက်ပို့စ်တွေ ရှယ်မယ်ဆို ကလစ်ပေးမှာ ထွက်လာတတ်ပါတယ်...
အဆင့် (၂) အနေနဲ့ အောက် ကပုံကိုကြည့်လိုက်ပါ
အပေါ်ကလို ကလစ်တာနဲ့ ရှယ်နိုင်တဲ့ ဘောင်လေးတက်လာမှာ ဖြစ်ပါတယ်... အဲခါမှာ
်Facebook ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...နော်... မိမိတို့ စက်မှာ fb sing in ၀င်ထားပြီးဆို တန်းပေါ်လာမယ်.. မ၀င်ရသေးရင် ၀င်ပေးရမှာပါ...
အဆင့် (၃) အနေနဲ့...အောက်ကတိုင်းဆက်လုပ်ပေးလိုက်ပါ
ခုလိုလေး fb စာမျက်နှာ ကျလာပါမယ်.. အဲခါမှာ..(၁) မိမိတို့ ကိုယ်ပိုင် စာမျက်နှာပေါ် ရှယ်လိုလားး
(၂) သူငယ်ချင်းစာမျက်နှာပေါ် ရှယ်ပေးလိုလား
(၃) fb group တွေအပေါ်ရှယိလိုသလားး
(၄) မိမိတို့ ကိုယ်ပိုင် fan page ပေါ်ပြန်ရှယ်မလားး
စိတ်ကြိုက် ရွေးချယ်လိုက်ပါ...သည်လောက်ဆို ရှင်းပါတယ်နော်..
ပြီးတာနဲ့ Share Link ဆိုတာကိုကလစ်ပေးလိုက်ပါ.... ရောက်ပါ့မယ်ဗျာ......
အဆင်ပြေကြပါစေ
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် www.ninilayy.com/
Subscribe to:
Posts (Atom)