Ads 468x60px

Mounting created Bloggif သင်္ကြန်သီချင်းလေးအော်တိုထည့် ထားပါသည်နားမထောင်လိုပါကmp3playerပုံလေးမှ stopနိပ်နိုင်ပြီးအသံချဲ့ လိုပါကဘေးမှစပီကာပုံကလေးအားမောက်ဖြင့် လိုသလိုကလစ်လိုက်ပါ။ 04-Thingyan Moe Yay Tan Khuu Lay-Ringo

Powered by mp3soup.com

My Blog List

star

Blogger Widgets

နှင်း

Thursday, August 1, 2013

မိမိဖုန်းကို တတ်နိုင်သမျှ အားခံအောင်သုံးချင်တယ်ဆိုရင်





Android Touch ဖုန်းတော်တော်များရဲ့အားနည်းချက်က Battery ခံနိုင်မှု့

သက်တမ်းလို့ပြောရင်ရနိုင်ပါတယ်။ ဒါကလည်း LCD Display ရဲ့အဓိကသုံး

စွဲနေမှု့အပိုင်းပါပဲ၊ အဲဒီတော့ ဒီ Post မှာဘယ်အပိုင်းတွေကြောင့် Battery

စားနေသလဲဆိုတာကို ကိုယ်ဘာကိုယ် Monitor လုပ်တဲ့အပိုင်းရယ် .

အားခံအောင်ဘယ်လိုအချက်မျိုးတွေကိုရှောင်သင့်တယ်ဆိုတဲ့အချက်တွေ

ကိုပြောပြပေးသွားပါမယ်။

ဘယ်အပိုင်းတွေကြောင့် / ဘယ် App တွေကြောင့် Battery ပိုသုံးနေသလဲ?
.............................................................................................

တကယ်တော့ Android ဖုန်းတွေရဲ့ Setting ထဲမှာဘယ်အပိုင်းကဘယ်
လောက်အတိုင်းအတာအထိ Battery စားနေလဲဆိုတာကိုအမြဲတမ်းစောင့်
ကြည့်ပေးနေတဲ့ Function တစ်ခုပါဝင်ပါတယ်။ ကိုယ်တိုင်လေ့လာကြည့်
မယ်ဆိုရင် Setting ထဲကိုသွားပါ Battery ဆိုတဲ့အပိုင်းမှာ Battery Informationအပိုင်းရှိပါတယ်။ အဲဒီနေရာမှာကြည့်လိုက်ရင် Screen က Battery ကို
ဘယ်လောက်ရာခိုင်နှုန်းလောင်းသုံးထားတယ် Voice Call ကဘယ်လောက်
ရာခိုင်နှုန်းလောက်သုံးထားတယ် စသည်ဖြင့်ပြနေပါလိမ့်မယ်။
အပေါ်ဆုံးမှာရာခိုင်နှုန်းအများဆုံးနဲ့သုံးနေတဲ့ App တစ်ခုရှိနေတယ်
ဆိုရင်တော့ Uninstall လုပ်ပစ်လိုက်တာအကောင်းဆုံးပါပဲ။


Battery အားခံအောင်ဘယ်လိုထားကြမလဲ?
......................................................

Battery အားကိုတတ်နိုင်သမျှခံနိုင်ရုံကိုထိမ်းသိမ်းပေးတာကလွဲရင် ခံနိုင်တဲ့
အရေအသွေးထက်ပိုပြီးစွမ်းဆောင်နိုင်အောင်လုံးဝလုပ်လို့မရပါဘူး၊ ရခဲ့လျှင်
လည်း ၁နှစ်ခံမဲ့ Battery က ၅ လနဲ့ပျက်ပါပြီ။ အဲဒီတော့ အခုသုံးနေတဲ့
Battery Widget တွေ Battery App တွေက ပြောရရင်ပိုပြီးတော့တောင်
မိမိဖုန်းကိုအားကုန်စေပါတယ်၊ ဘာကြောင့်လဲဆိုတော့ အချိန်နဲ့အမျှဘယ်
လောက်အတိုင်းအတာကျန်သေးလဲဆိုတာကို Notification Bar မှာ Update
ဖြစ်အောင်စောင့်ကြည့်ပေးနေရလို့ပါပဲ၊ ဒါဟာ CPU ကိုပိုမိုသုံးစွဲစေပြီး
အားကိုပိုကုန်စေတယ်ဆိုတာကျိန်းသေးပါတယ်။ မည်သည့်ဖုန်းမဆို
ဝယ်တည်းက Battery အတိုင်းအတာဘယ်လောက်ရှိလဲဆိုတာကို
ပြသပေးတဲ့ဟာကပါထားပြီးသားပါ ဒါကိုမှထပ်တိုးပြီးနောက်ထပ် App
ထည့်တယ်ဆိုကတည်းက Battery ကိုပိုခိုင်းနေပြီဆိုတဲ့သဘောပါပဲ။
နောက်တစ်ခုက Battery Widget တွေတင်တာ ရှင်းလင်းရေး App
တွေတင်တာဟာ CPU ကိုပိုပြီးတော့ ခိုင်းစေနေတာဖြစ်တဲ့အတွက်
Battery Performance ကိုကျစေပါတယ်။ ဒီတော့ တတ်နိုင်သမျှမိမိ
ဖုန်းကိုအားခံအောင်ဘယ်လိုသုံးမလဲဆိုတာကတော့ အားသုံးစေမဲ့
အပိုင်းတွေကိုပိတ်ထားစေတဲ့နည်းပါပဲ။ အပေါ်ကပြောခဲ့သလိုဘယ်
အပိုင်းကြောင့် Battery စားနေလဲဆိုတာကိုကြည့်ပါ၊ ပြီးရင် အဲဒီအပိုင်း
တွေကိုပိတ်သင့်တဲ့အချိန်ပိတ်ထားပါ၊

ကျွန်တော်အနေနဲ့ကတော့အောက်ကအပိုင်းလေးတွေကိုအကြမ်းဖြင်း
ထိမ်းသိမ်းနိုင်မယ်ဆိုရင် Battery အားခံနိုင်ရည်ကိုပိုမိုကောင်းမွန်လာ
မယ်လို့ယူဆပါတယ်။

၁) GPS ကိုအမြဲဖွင့်မထားပါနဲ့

GPS ဆိုတာက Connection ကိုအမြဲလိုက်ဖမ်းနေတာဖြစ်တဲ့အတွက်ကြောင့်

GPS ကိုအမြဲဖွင့်ထားမယ်ဆိုရင် ဖုန်း Battery ပိုစားစေမှာဖြစ်ပါတယ်။

၂) Wifi ကိုမသုံးရင်ပိတ်ထားပါ

Wifi ကိုချိတ်ပြီးသုံးနေတယ်ဆိုရင်တော့ဖွင့်ထားရမှာဖြစ်ပေမဲ့၊ Wifi ကိုချိတ်သုံး

နေခြင်းမဟုတ်ဘဲဖွင့်ထားမယ်ဆိုရင်တော့ Wifi ဆိုသည့်အတိုင်းအနီးနားမှာရှိတဲ့

Connection တွေကိုနောက်ကွယ်မှာလိုက်လံဖမ်းယူနေတာဟာလဲ Battery အား

ပိုကုန်စေပါတယ်။



၃) Bluetooth ကိုမသုံးရင်ပိတ်ထားပါ

တစ်ချို့သော User တွေကအမှတ်မထင်ဖွင့်ထားမိတတ်တာမျိုးရှိပါတယ်။ သဘော

ကတော့ Wifi နဲ့အတူတူပါပဲ အနီးမှာရှိတဲ့ Bluetooth တွေနဲ့ Connection အနေ

အထားကိုအလိုလျောက် Scan ဖတ်နေတာမို့ Battery ကိုသုံးနေမှာဖြစ်ပါတယ်။

၎) Screen Brightness ကိုအဆုံးထိတင်မထားသင့်ပါ

အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Touch ဖုန်းတစ်လုံးရဲ့အဓိကသုံးစွဲတဲ့အပိုင်းဟာ

Screen ပဲဖြစ်ပါတယ်။ ဒါကြောင့် Screen အလင်းအမှောင်ကိုအဆုံးထိတင်

ထားမယ်ဆိုရင်တော့ Battery ကိုပုံမှန်ထက်ကိုပိုစားစေမှာဖြစ်ပါတယ်။

၅) Live Wallpaper များသုံးခြင်း

ဒါကတော့မိမိဖုန်းကိုအလှဆင်မှု့အပိုင်းဖြစ်တဲ့အတွက်မလုပ်သင့်ဘူးလို့တော့

ပြောလို့မရပါဘူး၊ ဒါမဲ့ ပြောလို့ရတာကတော့ Live Wallpaper ဟာ Battery

ကိုပိုသုံးစေတဲ့အထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ တစ်ချို့ Live Wallpaper တွေ

က Animation ကိုသိပ်သုံးမထားခဲ့ရင်တော့ပြသနာမကြီးပေမဲ့ တစ်ချို့ Live

Wallpaper တွေက animation ကိုတော်တော်များများကြီးသုံးတတ်ပါတယ်။

အဲလိုသုံထားပြီးဆိုရင်တော့ Battery Information ထဲမှာဝင်ကြည့်ကြည့်လိုက်

အားသုံးသည့် ရာခိုင်းနှုန်း ကိုအများဆုံးဆုံးမဟုတ်ရင်တောင် ဒုတိယနေရာ

တတိယနေရာလောက်မှာကျိမ်းသေရှိနေပါလိမ့်မယ်။

၆) အားကုန်ခမ်းအောင်အသုံးပြုခြင်း

ဒီအပိုင်းကတော့ Battery ပိုကုန်စေတာမဟုတ်ပါဘူး၊ Battery ရဲ့သက်တမ်းကို

တိုစေတာပါ။ Battery ရဲ့သက်တမ်းကိုကုန်ခမ်းသွားအောင်သုံးပြီးမှ အားပြန်သွင်း

တာကို ၁၀ ကြိမ်မှာတစ်ကြိမ်သက်သက်လုပ်ပေးသင့်ပါတယ်။ ဒါမဲ့အမြဲတမ်းဖြစ်

နေမယ်ဆိုရင်တော့ Battery သက်တမ်းကကျိန်းသေကျဆင်းသွားပါလိမ့်မယ်။

၁ နှစ်ကြာအောင်သုံးနိုင်တဲ့ Battery သက်တမ်းက ၅ လနဲ့ပျက်ဆီးပြီးလဲပစ်ရတာ

မျိုးရှိသလို၊ အားသွင်းလိုက်ရင်လည်းအရင်က ၁ နာရီခံတဲ့ဖုန်းက နာရီဝက်ပဲခံတော့

တာမျိုးပြသနာတွေကြုံလာရမှာဖြစ်ပါတယ်။

၇) Connection မရနိုင်တော့တဲ့နေရာ Airplane Mode ON ထားသင့်သည်

ဒါကတော့တစ်ခါတစ်ရံမှာကြုံရမှာပါ၊ အများဆုံးအဖြစ်များတာကတော့

ခရီးသွားတဲ့အခါမျိုးတွေမှာပေါ့၊ လိုင်းကမမိတော့ဘူးဆိုတဲ့အချိန်မှာ ဖုန်း Radio

ကလိုင်းဆွဲအားကိုပိုသုံးနေရပါတယ်။ လိုင်းလဲမိရောဖုန်းပြောစရာအားမရှိတာ

မျိုးကြုံတတ်ပါတယ်။ ဒါကြောင့်လိုင်းလုံးဝမမိတော့ဘူးဆိုရင် Airplane Mode

ON ထားလိုက်မျိုးပဲဖြစ်ဖြစ်၊ Power ပိတ်ပစ်လိုက်တာမျိုးပဲဖြစ်ဖြစ်လုပ်ထားရင်

အားကုန်သက်သာစေမှာဖြစ်ပါတယ်။



၈) Battery သုံးမဲ့ App တွေကိုလေ့လာစောင့်ကြည့်ခြင်း

တစ်ချို့တွေကမိမိဖုန်းထဲမှာ App များပြီးရောဆိုပြီးထည့်ထားတတ်ကြပါတယ်။

အဲလိုထည့်ထားလိုက်ရင် ဘယ် App တွေကဘာမှန်းမသိဘဲနောက်ကွယ်မှာ

Run နေတတ်တာမျိုးတွေရှိပါတယ်။ တစ်ချို့ App တွေဆိုနောက်ကွယ်မှာအမြဲ

တမ်း Run နေပြီးတော့ ဖုန်းတစ်လုံးရဲ့အခြေအနေကိုစောင့်ကြည့်နေတာမျိုး

တွေရှိပါတယ်။ ဥပမာ ရှင်းလင်းရေး လို App မျိုးပေါ့ သင့်ဖုန်းကိုအပြည့်အဝ

ကာကွယ်ပေးနေပါသည်ဆိုပြီး အပြည့်အ၀ Battery သုံးနေတာပါ။ သိသိသာကြီး

ဆွဲယူသုံးဆွဲနေတာမျိုးမဟုတ်ပေမဲ့ Battery အားကိုအသုံးပြုနေတာကတော့

အမှန်ပါပဲ။ အဲဒါတွေသုံးမှဖုန်းပိုလေးသွားတတ်ပါတယ်။ Android OS မှာကိုက

Memory Management တွေ Cache Management တွေပါပြီးသားပါ ဒါကို

App သုံးပြီးရှင်းတာဟာ မလိုအပ်တဲ့အချိန်မှာရှင်းရင်ပိုပြီးတော့လေးလံစေပါတယ်။

(ဒီအကြောင်းကိုဒီအပိုင်းမှာအကျယ်တပွင့်မရှင်းလိုပါ၊ သိလိုသူများရှိပါက

comment ထားခဲ့နိုင်ပြီး နောက်ပိုစ်တစ်ခုဖြင့်ရှင်းပြပေးပါမည်၊)

ဆိုလိုချင်တာက ဘယ် App ကြောင့်ရယ်တော့တိုက်ရိုက်စွဲဆိုပြီး List ထုတ်ပေး

လို့မရပါဘူး၊ ကိုယ် Phone ထဲက Battery Information မှာဝင်စစ်ကြည့်လိုက်ရင်

ဘယ် App တွေက အားပိုစားစေတဲ့ဆိုတဲ့အချက်ကိုတွေ့ရပါလိမ့်မယ်။

ကောင်းပါပြီ ... အကြမ်းဖြင်းအားဖြင့် ဒီအချက်တွေကိုသေချာအမြဲတမ်းသတိထားမယ်

ဆိုရင်တော့ မိမိ Android ဖုန်းမှာ Battery အားသုံးစွဲမှု့ကိုထိမ်းချုပ်နိုင်ပါလိမ့်မယ်။

တကယ်တော့ Factory Default ထက်ပိုမိုပြီးအားကိုသုံးလို့မရနိုင်ပါဘူး၊ အဲလိုရနိုင်တဲ့

App တွေဆိုတာကလည်း အပေါ်ကပြောတဲ့အချက်တွေကို Setting ထဲမှာအလို

လိုလိုက်ပြင်ပေးတဲ့အဆင့်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိဘာသာ Manage လုပ်မယ်

ဆိုရင်တော့ အကောင်းဆုံးနဲ့စိတ်အချရဆုံးမယ်ဖြစ်မယ်လို့ပြောချင်ပါတယ်။

အဆင်ပြေနိုင်ပါစေ

M.Min

No comments:

Post a Comment

<<>>