Ads 468x60px

Mounting created Bloggif သင်္ကြန်သီချင်းလေးအော်တိုထည့် ထားပါသည်နားမထောင်လိုပါကmp3playerပုံလေးမှ stopနိပ်နိုင်ပြီးအသံချဲ့ လိုပါကဘေးမှစပီကာပုံကလေးအားမောက်ဖြင့် လိုသလိုကလစ်လိုက်ပါ။ 04-Thingyan Moe Yay Tan Khuu Lay-Ringo

Powered by mp3soup.com

My Blog List

star

Blogger Widgets

နှင်း

Sunday, April 28, 2013

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း

လိုအပ်ချက်တွေ ကတော့
1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..
2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန် မှန်ကန်နေရမှာ ဖြစ်ပါတယ်..
လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာ ဖြစ်ပါတယ်... သာမန်အားဖြင့် Settings>> Application >>Development>>USB Debugging မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့် အထက် သမားတွေ ကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက် လိုက်ပါ...
3. အောက်မှာ ပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...
Dev-Host    => http://adf.ly/NZwTH
Solidfiles    => http://adf.ly/NZwb4
Mediafire    => http://adf.ly/NZwfc
4. ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ ဘောက်မှာ Select Device ဆိုတဲ့ အကွက်ကို နှိပ်ပြီး ကိုယ့်ဖုန်း အမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကို သိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေ ပါလိမ့်မယ်..
6. ခဏ ကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကို နှိပ်ပေးလိုက်ပါ..
7. အားလုံးပြီး သွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ ရပါပြီ ခင်ဗျာ...
တစ်ချို့ အခက်အခဲ တွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်. ဒါလုပ်ပြီး သွားရင် တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့် နိုင်ပါသေးတယ်... 

အဆင်ပြေကြ ပါစေခင်ဗျာ..
မောင်ပေါက်

Tuesday, April 16, 2013

Zawgyi Installer 4 Rooted Android ( .exe file ) 3.5MB

Photo: Zawgyi Installer 4 Rooted Android ( .exe file ) 3.5MB
========================
Features:
မြန်မာ font နှင့် frozen keyboard ကို အလွယ်တကူနဲ့ အလျှင်မြန်ဆုံးသွင်းနိုင်မှာဖြစ်ပါတယ်…
Frozen Keyboard အဟောင်းကို system app အဖြစ်သွင်းပေးမှာဖြစ်ပါတယ်….
Frozen Keyboard Pro 0.4.4 ကိုလည်း install လုပ်ပေးမှာဖြစ်ပါတယ်…
Xperia တွေအတွက်လည်း “ျ” အပေါ်မတက်ပါဘူး…
ဆြာဖြိုးညီညီရဲ့ “ျ” များအပေါ်မတက်ရ ကို ယူသုံးထားပါတယ်…
တရုတ်စာလည်း မပျောက်ပါဖူး…
Requirements:
root လုပ်ထားပီးသား ဖုန်းဖြစ်ဖို့လိုပါမယ်…
How To Use:
မိမိ android ဖုန်းမှ setting -> developer option -> usb debugging ကို on ပီး computer နဲချိတ်ပါ…
ZawgyiInstaller.exe ကို double-click…
မိမိဖုန်းက XPERIA ဆိုလျှင် XPERIA ကိုနှိပ်ပါ…
XPERIA မဟုတ်လျှင် NORMAL ကိုပဲနှိပ်ပါ…
ခနစောင့်ပါ… ဖုန်း restart ကျပြီး ပြန်တက်ရင် မြန်မာစာ font နဲ့ frozen keyboard သွင်းပီးသွားပါပီ…
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါယ်

http://www.amyokaungtarr.com/2013/04/zawgyi-installer-4-rooted-android-exe.html

Sunday, April 14, 2013

Frozen Keyboard Pro v 0.4.1 Apk 1.5MB

Photo: Frozen Keyboard Pro v 0.4.1 Apk 1.5MB
========================
Android ဖုန်း/Tablet တွေအတွက် ၂၀၁၃ ဧပြီလ ၁၃ ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ် “Frozen Keybord Pro” version အသစ် 0.4.1 ကိုတင်ပေးလိုက်ပါတယ်။ Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ယခု Pro version 0.4.1 မှာတော့ ဇော်ဂျီဖောင့်ကိုအမှန်အတိုင်းမြင်ရပါပြီ ၊ စာရိုက်ရင်စာလုံးလွဲတာတွေမဖြစ်တော့ပါဘူး ။ ဒီဇိုင်းကလည်းအရင် Frozen keyboard ထက်ပိုပြီး သပ်ရပ်လှပတာကိုတွေ့ရပါတယ်။ Frozen Keyboard Pro ရဲ့အသွင်အပြင်ကို Android 4.0 အထက်ဖုန်းတွေရဲ့ Default Keyboard ဒီဇိုင်းမျိုးနဲ့ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ယခု Frozen Keyboard Pro မှာတစ်ချို့သော မြန်မာစာလုံးပေါင်းများကို shift key ရိုက်၍အချိန်မကုန်ရအောင် key တစ်ခုချင်းစီကို long press နှိပ်ထားရုံနဲ့ Shift နဲ့တွဲရိုက်ရမယ့် အက္ခရာများကို Pop-up key အနေနဲ့ပြပေးမှာဖြစ်ပါတယ်။ Frozen Keyboard Pro ကိုရေးသားသူကတော့ Android Developer ကိုသီဟအေးကျော် ပဲဖြစ်ပါတယ်။ Myanmar Android users များအတွက် Developer ကိုသီဟအေးကျော်ရဲ့ ကြိုးပမ်းမှုများက ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ Frozen Keyboard Pro ဟာ မြန်မာစာရိုက်ဖို့သာဖြစ်ပြီး မြန်မာလိုဖတ်ရှုဖို့ကတော့ မိမိတို့ရဲ့ Android ဖုန်း/Tablet များမှာ ဇော်ဂျီမြန်မာစာ font သွင်းထားဖို့လိုပါတယ်။ Frozen Keyboard Pro v0.3.1 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

http://www.amyokaungtarr.com/2013/04/frozen-keyboard-pro-v-041-apk-15mb.html

Ref>>>MMUG(မြန်မာမိုဘိုင်း)

Monday, April 8, 2013

မြန်မာဖောင့် မလို (root လုပ်စရာမလိုတဲ့ facebook) version 1.1 APK

Photo: မြန်မာဖောင့် မလို (root လုပ်စရာမလိုတဲ့ facebook) version 1.1 APK

android ဖုန်းကိုင်ပြီးတော့ မြန်မာစာ ဖောင့်လဲမရ

root လဲ မလုပ်ထားတဲ့ သူတွေ အတွက် facebook

ကို သုံးကြရအောင်နော်

မြန်မာ developer ko joe win က တီထွင်ထားတာပါခင်ဗျာ

သူကတော့ ဒီမှာ ဒေါင်းခိုင်းပါတယ်ခင်ဗျာ
https://play.google.com/store/apps/details?id=com.apps4mm.frd4mm&hl=en_GB

အတတ်နိုင်ဆုံးတော့ google play မှာ ဒေါင်းပေးကျပါ

ကျွန်တော်ကတော့ google play မဒေါင်းတတ်သူတွေ အတွက် ဒီမှာ တင်ပေးလိုက်ပါတယ်ခင်ဗျာ
Download Here

အောင်မင်းဟန်

အများသိအောင် ရှယ်ပေးစေချင်ပါတယ်
ယူရှယ် အိုင်ရှယ် အကုန်ရှယ်

http://androidgame-software.blogspot.com/2013/04/root-facebook-version-11.html
Android games & android software များစုစည်းရာ

Saturday, April 6, 2013

Android OS ဖုန်းတွေအတွက် ဇော်ဂျီမြန်မာ ကီးဘုတ် နဲ့သွင်းပုံသွင်းနည်း

Tags
ပထမဆုံး ဇော်ဂျီကီးဘုတ်နဲ့ ဇော်ဂျီ font ကို အရင် ဒေါင်းလိုက်ပါ။
ဇော်ဂျီ keyboard အားရယူရန်
ဇော်ဂျီ font အားရယူရန်
download လုပ်ပြီးပြီဆိုရင် နှစ်ခုလုံးကို ဖုန်းထဲကို install လုပ်လိုက်ပါ။
Install လုပ်ပြီးရင်ဖုန်း Setting ထဲကိုသွားပါ။
Language & keyboard ကိုဝင်ပါ။
MyanDroid Soft Keyboard ကိုအမှန်ခြစ်ပေးလိုက်ပါ။
Attention Box ပေါ်လာရင် ok နှိပ်။
ပြီးရင် All programs ထဲသွားပြီ zawgyipad program ကို ဖွင့်ပါ။
အဲဒီမှာ Textbox တစ်ခုတွေ့ရပါလိမ့်မယ်။ အဲဒီ Textbox ထဲမှာ သုံးစက္ကန့်ခန့်ဖိထားပါ။
Input Method ကိုရွေးပါ။

Select input method Box ထဲမှာ MyanDroid Soft Keyboard ကိုရွေးလိုက်ပါ။

ဒါဆိုရင် ဇော်ဂျီ keyboard ကိုတွေ့ရမှာဖြစ်ပါတယ်။

ဒီလောက်နဲ့မပြီးသေးပါဘူး။ ဆက်လုပ်ရဦးမှာပါ။
အခုလုပ်ပြီးတဲ့အဆင့်ထိက keyborad သွင်းပြီးရုံပဲရှိပါသေးတယ်။ ဖုန်းရဲ့ system တစ်ခုလုံးကို မြန်မာစာပေါ်အောင် လုပ်ရဦးမှာပါ။
အဲဒီအတွက် ဖုန်းကို root လုပ်ထားရပါမယ်။ root လုပ်နည်းမသိရင် =>ဒီနေရာ<= ကို နှိပ်ပါ ။ ပြီးရင် မြန်မာစာမြင်ရဖို့ Font Changer ဆိုတဲ့ application လေးကို ဒေါင်းလိုက်ပါ။အောက်မှာပေးထားပါတယ်။
font changer အားရယူရန်
font changer ကို ဖုန်းထဲကိုသွင်းလိုက်ပါ။ ပြီးရင် font changer application ကို run လိုက်ပါ ။ ဒီအဆင့်မှာ ကိုယ့်ဖုန်းက Root လုပ်ထားပြီးသား ဖြစ်နေမှသာ SuperUser request ပေါ်လာပြီး FontChangerLite Application ကို Run ခွင့်ပြုမပြု မေးပါမည်။ Allow Button ကို ရွေးပြီး ခွင့်ပြုလိုက်ပါ။ (Root လုပ်မထားသော Android ဖုန်းတွင် ပြုလုပ်နိုင်မည် မဟုတ်ပါ။)
FontChanger Application အား Run ပြီးပါက ပြန်ပိတ်လိုက်ပါ။ ပြီးနောက် ဖုန်း၏ SD Card တွင် ဝင်ကြည့်ပါက .fontchanger ဆိုသည့် Folder တစ်ခုကို တည်ဆောက်ပြီးဖြစ်နေတာကိုတွေ့ရပါမယ်။ ထို .fontchanger Folder ထဲသို့ zawgyione.ttf ( OR ) zawgyione2008.ttf ဇော်ဂျီဖောင့် တစ်ခုခုကို ကူးထည့်ပါ။
FontChanger App ကို ပြန်ဖွင့်ကြည့်ပါက .fontchanger Folder ထဲတွင် ထည့်သွင်းခဲ့သော Zawgyi Font ကို တွေ့ရပါမည်။ ဇော်ဂျီဖောင့်ပေါ်မှာ One Touch တစ်ချက်နှိပ်ပါ။ Prompt တစ်ခု တပ်လာရင် Apply လုပ်ပါ။ Reboot now ကို ထပ်ရွေးပါ။ ဖုန်းကို Restart ချပေးသွားပါမည်။
ဖုန်းပြန်အတက်တွင်တော့ မူရင်းဖောင့်နေရာတွင် ဇော်ဂျီဖောင့်ကို အစားထိုးပြီး တက်လာပါပြီ။ ဒါဆိုရင် ဇော်ဂျီဖောင့်ထည့်သွင်းခြင်း ပြီးပါပြီ။ ဖုန်းရဲ့
contact တွေကိုမှတ်ရာမှာလည်း မြန်မာလို ရိုက်လို့ရသွားသလို ၊ message ပို့ရာမှာလည်း မြန်မာလို ရိုက်ပြီးပို့လို့ရသွားပြီဖြစ်ပါတယ်။ တစ်ဖက်က
မြန်မာလိုရိုက်ပို့ရင်လည်း ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

ဖုန်း Contact ကိုမြန်မာလို မှတ်ထားပုံ

Message ကို မြန်မာစာဖြင့် အချင်းချင်းပို့ထားပုံ

<<>>