channal 7.apk အားဒေါင်းရန်ကလစ်နှိပ်ပါ။
Saturday, February 16, 2013
android phone and tablet တွေထဲမှာ channal 7 လိုင်းကိုကြည့်ချင်တဲ့ သူများအတွက်ပါ။(for android)
channal 7.apk အားဒေါင်းရန်ကလစ်နှိပ်ပါ။
Friday, February 1, 2013
Android App
တစ်နေ့သ၌ ကျွန်ုပ်သည် ဘလော့ကို ပို့စ်များစွာ မတင်နိုင်သည့်သကာလ
အွန်လိုင်းပေါ်သို့ ရောက်ရှိခိုက် ထွေရာလေးပါး သတင်းများကို လိုက်လံ
ဖတ်ရှုနေလေတော့၏။ ထို့အချိန်တွင် မိတ်ဆွေ မောင်ကျော်ကြီး ရောက်ရှိလို့လာပြီး
ဗျို့ . . . ကိုစေတနာကြီး ပျောက်ချက်ကောင်းလှချည်းလား . . .
ဒီလိုပါပဲ မောင်ကျော် . . .
သူများတွေ တစ်ဖုန်းထဲ ဖုန်းနေချိန်မှာ ကိုစေတနာကြီးက ဘာတွေ လုပ်နေတာလဲ . . .
ကိုယ်မှ ၀ယ်မကိုင်နိုင်တာ . . . မဖုန်းနိုင်ပါဘူး . . .
ကျနော့်ဖုန်းက Android ဖုန်းဗျ . . . ဆော့ဝဲလ်လေးများ ရှိရင် မစပါအုံး . . .
အင်း ဖုန်းဆိုင်တွေနဲ့ သူများ ဆိုက်တွေက ရထားတာတွေတော့ ရှိတယ် . . . ယူသာသွားပါတော့ မောင်ကျော် . . .
1) မန္တလေး FM နားထောင်ချင်ရင် MDY-FM.apk
Tuesday, January 29, 2013
Samsung Android Mobile များတွင် မြန်မာဖောင့်သွင်းနည်း
ဆော့ဖ်ဝဲလ်နှစ်ခု ရှိဖို့လိုပါတယ် အောက်မှာ အရင်ဒေါင်းလိုက်ပါ...
ZawGyi One.apk
Myanmar3.apk
Frozen Keyboard.apk
Click နှိပ်ပြီး ဒေါင်းလိုက်ပါ။
အားလုံးဒေါင်းပြီဆိုရင် ဖုန်းထဲက မမ်မိုရီကဒ်ထဲကို ဖိုင်တစ်ခု တည်ဆောက်ပြီး ထည့်လိုက်ပါ..
ပြီးရင် ဖုန်းထဲသို့ ပြန်ထည့်ပြီး ဆောဖ်ဝဲလ်နှစ်ခုလုံးအား Install လုပ်ပါ..
အားလုံးပြီးရင်..
၁။ Settings\Display\Screen display\ ထဲကိုရောက်ရင် Font style ကိုဖွင့်ပါ
Myanmar3 သို့မဟုတ် Zawgyi One တစ်ခုခု ရွေးလိုက်ပါ Apply လုပ်ပါ အားလုံးပြီးရင်
ဖုန်းပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်...
၂။ ဖုန်းထဲသို့ မြန်မာဖောင့်သွင်းလို့ပြီးပါပြီ ဒါပေမယ့် မြန်မာလိုရိုက်လို့ရဖို့ ကီးဘုတ် လိုအပ်နေပါသေးတယ်..
Setting\Language and keyboard\ ထဲမှ FrozenKeyboard အား အမှန်ခြစ်ပေးပါ...
၃။ မြန်မာဖောင့် ရမရ စမ်းသပ်ရန်အတွက် Massage ကိုဝင်ပါ စာရိုက်သည့် ကွက်လပ်လေးအတွင်းမှာ
လက်မဖြင့် သုံးစက္ကန့်ဖိထားပါ Input method ပေါ်လာရင် နှိပ်လိုက်ပါ FrozenKeyboard ကိုအမှန်ခြစ်ပါ။
ဒါတွေ အားလုံးပြီးသွားရင် သင်လိုအပ်နေတဲ့ မြန်မာဖောင့်သွင်းလို့အောင်မြင်သွားပါပြီ။
အားလုံးအဆင်ပြေ ပျော်ရွှင်ကြပါစေ....
သစ်ဆန်းခန့်
thitsankhant@gmail.com
Saturday, January 26, 2013
Join This Site ဆိုတဲ့ မန်ဘာဝင်ရန်ဘောက်လေး ထည့်နည်း
အောင်အောင်(မကစ)
►1. Login လုပ်လိုက်ပါ ဘလော့ကာကို
►2. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►3. Add a Gadget ကိုကလစ်ပေးလိုက်ပါ
ပန်းချီဆွဲတာဝါသနာပါတဲ့သူတွေအတွက် For Android 26MB
Wednesday, January 23, 2013
Online မှာအကောင်းဆုံး ပုံပြင်တဲ့ Website လေးဆယ် ။
Posted by dingnoeizolen
On 6:41 PM
ကဲအခုကျွန်တော်သင်းပေးတဲ့ ဟာကတော့ Online မှာ Free ကိုရဲပုံတွေကိုလှလှပပလေးပြင်ခြင်
တဲ့သူတွေအတွက် ပုံလေးတွေပြင်လိုရအောင်ဘော့ အရမ်းကိုကောင်းပါတယ် Software မဝယ်
သုံးနိုင်တဲ့သူတွေ အတွက်တင်းပေးလိုက်တာပါ Website ပေါင်း လေးဆယ်ရှိပါတယ် ကိုယ်လိုခြင်
တဲ့ Website ကို Click လိုက်ပါ ပြီးတော့ Photo တွေကို ပြင်လို့ရပါပြီး။
1. pixlr
Andriod OS ဖုန်းများတွင် မြန်မာလက်ကွက်နှင့် မြန်မာဖောင့်သွင်းနည်း
အခုနောက်ပိုင်း
Android OS သုံးဖုန်းတွေကအရမ်းခေတ်စားလာတယ်။ တရုတ်နိုင်ငံထုတ် Huawei နဲ့
ZTE တို့လို CDMA ဖုန်းတွေမှာတောင်မှ Android OS
ကိုအသုံးပြုထားတာတွေ့ရပါတယ်။ အခုကျွန်တော်ပေးမှာက MyanDroid Soft Keyboard
လေးပါ၊ Zawgyi Font သုံးထားပါတယ်။ ဖုန်းဆိုင်တွေမှာ သွားသွင်းရင်
အနည်းဆုံး ခုနှစ်ထောင်လောက်ပေးရပါတယ်။ ဒီတော့ ကိုယ့်ဘာသာကိုသွင်းတာက
အကောင်းဆုံးပါပဲ။သွင်းပုံသွင်းနည်းကို အောက်မှာဖတ်ပါ။
အရင်ဆုံးအောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုကို အရင် ဒေါင်းလိုက်ပါ။
Mydroid Soft Keybord အားရယူရန်
Soft Keybord အားရယူရန်
ဒေါင်းပြီးပြီဆို၇င် အဲဒီ နှစ်ဖိုင်စလုံးကို ဖုန်းထဲမှာ install လုပ်ပါ။
install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ setting ထဲကိုသွားပြီး language and keyboard ကိုရွေးပါ။
Mydroid soft keyboard ကို အမှန်ခြစ်ပေးပါ။

All program menu ထဲကိုသွားပြီး zawgyi ipad program ကိုဖွင့်ပါ။ပြီးရင် Text box ထဲမှာ ငါးစက္ကန့် ခန့်ဖိထားပါ။
Input Method ကိုရွေးပါ။ Select input method ထဲမှာ Mydroid soft keyboard ကိုရွေးလိုက်ပါ
မြန်မာစာကီးဘုတ် ပေါ်လာပါလိမ့်မယ်။ အဲဒီမှာတင်မပြီးသေးပါဘူး ။ အခုသွင်းပြီးသလောက်က မြန်မာ keyboard သွင်းထားတဲ့အဆင့်ပဲရှိပါသေးတယ်။ မြန်မာဖောင့်ကို ဖုန်းရဲ့ function တွေ (ဥပမာ- message , contacts) မှာ ရေးနိုင် ဖတ်နိုင်အောင် မြန်မာ ဖောင့်ထည့်ရဦးမှာပါ။ အောက်မှာဆက်ဖတ်ပါ။

ပထမဆုံးအနေနဲ့ အောက်က package ကို ဒေါင်းပီး ဖုန်း SDcard ထဲကိုဖြည့်လိုက်ပါ။
Click here to download
zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ
DroidSansFallback.ttf ကတော့ zawgyi ဖောင့်ကို rename လုပ်ထားတာပါ ။
Root Explorer ကို သွင်းလိုက်ပါ ။ သွင်းပြီးရင်တော့ (root explorer ကို စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေးပါလိမ့်မယ် allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ) Root explorer ကနေ download လုပ်ပြိးzipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။
ဒီထိပြီးရင်တော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ အောက်ကပုံအတိုင်း (Mount R/W ) အနီပြထားတာကိုနိုပ်ပါ။

အားလုံးပြီးရင်အောက်ကပုံအတိုင်းဖြစ်နေရပါမယ်

ဒီအထိပြိးရင် DroidSansFallback.ttf ကို permission ပြောင်းပေးရပါမယ် အဲအတွက် DroidSansFallback.ttf ကို ကြာကြာဖိထားပါ အောက်ကပုံအတိုင်းပေါ်လာပါမယ်။

အောက်ပုံအတိုင်း permission ကိုပေးလိုက်ပါ

ပြီးရင်တော့ OK နှိပ်ပါ။ ပြီးရင် paste ကိုနှိပ်လို့ ရပါပြီ ။
နှိပ်လိုက်ရင် Warning ရှိပြီးသားလို့ လာပြပါလိမ့်မယ် ။ overwirte လိုက်ပါ Yes ကိုရွေးပါ ။
အခုဆိုရင် မြန်မာ ဖောင့် မြင်ရပြီဖြစ်ပါတယ်။ မြန်မာလို ရိုက်ချင်ရင်တော့ Message ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
Message ကိုဖွင့်ပါ ။ New Message ထဲကိုဝင်ပါ။ စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။ ပြီးရင် ရိုက်လို့ရပါပြီ။ အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်လုပ်တာတော့ အဆင်ပြေပါတယ်။ အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး။

http://dingnoeizolen.blogspot.com မှ တဆင့် ပြန်လည်ကူးယူ ဖော်ပြသည်။
Saturday, September 8, 2012
"ကနောင်မင်းသားလိုစိတ်ဓါတ်"
အကယ်၍ ကနောင်မင်းသားကြီးသာ လုပ်ကြံ မခံရပါက မြန်မာ့သမိုင်းသည် တစ်ဆစ်ချိုးပြောင်းလဲ သွားနိုင် စရာကြောင်း ရှိသည်။
ကုန်းဘောင်မင်းဆက်ကို ထူထောင်ကာ မန္တလေးရတနာပုံ နေပြည်တော် ၌ မင်းလုပ်စိုးစံခဲ့သူ မင်းတုန်းမင်း၏ ဖအေတူ မအေကွဲ မင်းသားကြီး ကနောင် မင်းသားဖြစ်၏။ မင်းတုန်းမင်းနှင့်ကနောင်မင်းသားကြီးသည် နိုင်ငံ့ ကဏ္ဍများကို လက်တွဲ တာဝန်ယူအုပ်ချုပ်ခဲ့၏။ ကနောင်မင်းသားက စစ်ရေး စစ်ရာနှင့် အုပ်ချုပ်ပြူပြင်ပြောင်းလဲရေးကို တာဝန်ယူ၍ ဘုရင့်တာဝန်ကို ပူးတွဲ ထမ်းဆောင်ခြင်းဟု ဆိုနိုင်သည်။ ကနောင်မင်းသား၏ အရည်အသွေး များအရ မင်းတုန်းမင်း၏ အရိုက် အရာကို ဆက်ခံမည့်သူဟု သတ်မှတ်ထား ကြသဖြင့် မင်းတုန်းမင်း၏သားတော်များက မလိုမုန်းထားရှိကြ၏။ ကနောင် မင်းသား၏ နန်းဆောင်သည် ခမ်းနားထည်ဝါလှသဖြင့် ဘုရင့်၏ နန်းဆောင် နှင့်ပင်နှိုင်းယှဉ်လောက်၏။ ကနောင်မင်းသားသည်
ခေတ်မှီသိပ္ပံပညာ ကို အလွန် စိတ်အားထက်သန်သဖြင့် အနောက်နိုင်ငံများမှ သိပ္ပံပညာများကို မြန်မာပြည်တွင် လေ့လာဆည်းပူးစေ၏။ ပြုပြင်ပြောင်းလဲမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအနေဖြင့် မင်းတုန်းမင်းနှင့် ကနောင် မင်းသားတို့ သည် နန်းတွင်းလူငယ်အချို့ ကို ပညာသင်စေလွှတ်ခဲ့၏။ ထို့ ကြောင့် အိန္ဒိယ၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီတို့ အထိ ပညာတော်သင်များ
သွားရောက်ကြ၏။ ကနောင်မင်းသားသည် လက်နက်စက်ရုံများ ထူထောင်ကာ ရိုင်ဖယ် သေနတ်နှင့် ခဲယမ်းမီးကျောက်များကို ထုတ်လုပ်ခဲ့၏။ ရေမြှုပ်ဗုံးကို အောင် မြင်စွာ စမ်းသပ်ခဲ့၏။
ရေကန်ထဲတွင် ရေမြှုပ်ဗုံး စမ်းသပ်စဉ် ငါးများသေကြေ ပျက်စီးသည်ကိုမြင်သဖြင့် မင်းတုန်းမင်းက ဘာသာရေးအရ ရေမြှုပ်ဗုံးထုတ် လုပ်ခွင့်ကို တားမြစ်ခဲ့၏။ကနောင်မင်းသားသည် စည်းစနစ်ကျနသော အမြဲတမ်းစစ်တပ်တစ်ခုကို ဖွဲ့ စည်းတည်ထောင်ရာလည်း စီစဉ်ခဲ့၏။ မင်းတုန်းမင်းက ကနောင်မင်းသားကို ထီးမွေနန်းမွေ ပေးမည်ဟု
လျာထားခြင်းကို မင်းတုန်းမင်း၏ သားတော် မြင်ကွန်းနှင့် မြင်းခုံတိုင် မင်းသားတို့ က မကျေနပ်ကြသဖြင့် ကနောင် မင်းသားကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။ ကနောင် မင်းသားကြီး အလုပ်ကြံခံရခြင်း သည် ခေတ်မှီနိုင်ငံတောင်ထူထောင်ရန် အရှိန်ယူနေ သာ မြန်မာနိုင်ငံတော်အတွက် အလွန်နစ်နာလှသည်။
ဗြိတိသျှတို့ ကနောင်မင်းသားက(War Prince)ဟု ခေါ်ဝေါ်ကြသည့်အထိ ကနောင်မင်းသား၏ ခေတ်မှီလက်နက်များတပ်ဆင်ထားသော စည်စနစ်ကျနသည့် တပ်မတော်စီမံကိန်းသာ အကောင်အထည်ဖော်နိုင်ခဲ့ လျှင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းနိုင်ရန် ယခုလောက် လွယ်ကူလိမ့်မည်မဟုတ်ဟုဆိုခဲ့၏။
ကနောင်သားလေးဇင်အောင်
Saturday, September 1, 2012
ဒီလိုလူသားမကြီးပွား
- ဆာလွန်းတယ်ဟ စားဦးမှ၊
- စားပြီးဗိုက်လေး မလုပ်သေး၊
- နေပူတယ်ဟ နားဦးမှ၊
- မိုးအေးတယ်ဟ ကွေးဦးမှ၊
- မိုးချုပ်ပြီဟ ပြန်ဦးမှ၊
- ဒီလိုလူသားမကြီးပွား။
ကနောင်သားလေးဇင်အောင်
Subscribe to:
Posts (Atom)